Wednesday, May 4, 2011

သင်္ကြန်ငေးသူ

ခင်ဗျား၊ ကျွန်တော်တို့တတွေရဲ့
စိတ်နဲ့ကိုယ်ပေါ်
မနေ့တစ်နေ့က
ကပ်ငြိတင်ကျန်လာသမျှ အညစ်အကြေး
ရေအေးနဲ့ လောင်းဆေးလိုက်ရုံနဲ့
စင်သန့်တောက်ပြောင်သွားကြေးဆို.
တစ်မိုး၊ တစ်နွေ
ငတ်လို့သေသွားစမ်းပစေ
တ၀ုန်းဝုန်း၊ တဗွမ်းဗွမ်း
ခပ်ကြမ်းကြမ်းလောင်းပက်ကြစို့ရဲ့...။

မှတ်သားဖူးတာကတော့
``ပေါ့စေလိုလို့ ကြောင်ရုပ်ရေး
ဆေးအတွက်ပိုလေးတယ်´´...ဆိုလား။

သန့်ပါစေတော့လို့
ရေဆေးလောင်းပါမှ
ကြေး(ဂျီး) အထပ်ထပ်နူးပွ
ညစ်နွမ်းနှလုံးပွယောင်....။

ရေအပက်ကြမ်းရင်
နေကာ၊ ခြုံလွှာတွေတောင် ကွာကျ
ရေစုံခံမိတ်ကပ်လည်း ဖုံးဖိမနိုင်ဘူးတဲ့နော်။

ပြီးတော့
လောင်းတဲ့ရေကရော...သန့်ရဲ့လားတွေး
မြောင်းပုတ်ရေလား...။
ရေမွှေးရောထားသေးလား...။
ရေခဲရေလား...
ရေပူဖေါင်းလား...။

အထူးသတင်းတစ်ရပ်မှာတော့
ဇာတ်လိုက်ကျော် ပိတောက်ဝါတွေတောင်
သင်္ကြန်ကို ရှောင်ချင်တော့
အငုံဘ၀မှာပဲ
မဝေမီကြွေ....။ ။